အမြင်

ဘလော့ဂါလောက

ဘလော့တွေအလယ် လျှောက်ကာလည်ပတ်
တစ်ရက်ပြီးတစ်ရက် ရက်ချင်းဆက်လည်း
ပန်းတွေမြိုင်မြိုင် ပွင့်ကြသလို
ဘလော့တွေလှိုင်လှိုင် မရိုးမကုန်နိုင်
ပေါကြပါသည် အင်တာနက်ဆီ...

တချို့ကရေး နိုင်ငံအရေး
တချို့ကမူ အချစ်ဟူသည်
တချို့ရေးပြန် ဒဿနဆန်ဆန

တချို့ကြတော့ ဟာသပေါ့လေ
တချို့တွေ့ကြုံ ဘဝအဖုံဖုံ
တချို့တွေက ဗဟုသုတ
စုံလင်လှသည် ဘလော့ပြည်ခေါ်
အင်တာနက်ပေါ်တွင် ဘာပင်တင်တင်
လွတ်လပ်စွာပင် ဖလှယ်အမြင်တွေ
ဘလော့ကမ္ဘာမြေ လည်ပတ်နေပြီ...

ဘလော့အကြောင်း တွေးရင်းပေါင်းစပ်
ကောက်ချတစ်ခု ရေးချခုပင်
ဘယ်တော့မှမရိုး ဘလော့တန်ခိုး
လွတ်လပ်စွာတွေး လွတ်လပ်စွာရေး
အမြင်ကိုထောင်ချ အမှောင်လောက
ကျဉ်းမြောင်းမှုဆိုတာ ဘလော့ကမ္ဘာမှာ
မရှိသေးတာ အမှန်ပါ။


မှတ်ချက်လက်ရှိကြုံတွေ့နေရသော ယေဘူယျအမြင်အနေအထား အပေါ်မူတည်ပြီး ခြုံငုံရေးဖွဲ့ ထားခြင်း ဖြစ်ပါသည်။ အားလုံးတူညီရမည်ဟု တထစ်ကျ မဆိုလိုချင်ပါ။

7 ယောက်ရဲ့ ထင်မြင်ချက်:

Anonymous said...

လွတ်လပ်တာတော့ မပြောနဲ့ပြောချင်တာပြော
ရေးချင်တာရေးပဲဗျို့။

Anonymous said...

ဟုတ်တယ်ဗျ ...
ထောက်ခံပါတယ် ... ဒါပေမယ့် တစ်ခုတော့ စိုးရိမ်နေမိတာ ရှိတယ်
ဘာလဲဆိုတော့ - လွတ်လပ်မှုကို အခွင့်ကောင်းယူပြီးတော့
အဆိပ်အတောက်ဖြစ်စေမယ့်လို စာပေမျိုးတွေကို ဖန်တီးမှာမျိုးကိုတော့
ကျွန်တော် စိုးရိမ်မိတယ် ...
စာအုပ်စာတမ်းတွေ တစ်ထပ်ကြီးကို အချိန်ပေး မဖတ်ရှုနိုင်တဲ့ ပတ်ဝန်းကျင်နဲ့
အခြေအနေထဲမှာ အခုလို Blogspot တွေ၊ E-Books တွေ ပေါ်ထွန်းလာတာ သိပ်ကို အဆင်ပြေကောင်းမွန်ပြီး တန်ဖိုးရှိလှတယ်ဗျာ ...
ဘာပဲဖြစ်ဖြစ်ပါ ... အခုလို Blogger ရွာကလေးမှာ စည်ပင်ဝပြောလာတာကို
အားရ၀မ်းသာစွာနဲ့ လက်ကမ်းကြိုဆိုဖို့ပဲ ရှိနေပါတယ် ... သိုက်သိုက်ဝန်းဝန်းပေါ့ဗျာ ...။
ပျော်ရွှင်ပါစေ ကိုတက်လူငယ်ရေ ... ။

ခင်မင်လေးစားမှု များစွာဖြင့်

Sonata Cantata said...

အတွေးကောင်း အရေးကောင်းသဗျို့ ကိုတက်လူငယ်...

မသီတာ
('မ' ဖြစ်ပြီး 'ကျား' ဟန်ရေးလိုက်တာ ရတယ်မို့လား)

တက်လူငယ် said...

ဟုတ်ကဲ့..
ကိုအိမ်၊ ကိုအိမ်မက်ရှင်၊ ကိုသီတာ..အဲယောင်လို့ မသီတာတို့အားလုံးကို ကျေးဇူးတင်ပါတယ်။

ကိုအိမ်မက်ရှင်ပြောတာ မှန်ပါတယ်။
အင်တာနက်ပေါ်မှာ ဘလော့ရေးကြတာ လွတ်လပ်ပေမယ့် လူမှာစည်းကမ်းရှိသလို ဘလော့ကိုလည်းစည်းကမ်းနဲ့တော့ ရေးနေကြပါတယ်။ ဘလော်ဂါတစ်ယောက် ရေးတဲ့စာကို ကောင်းခြင်း၊ မကောင်းခြင်း၊ အဆိပ်အတောက်ဖြစ်စေခြင်းဆိုတာဟာ အပြန်အလှန်ဖတ်ပေးကြတဲ့ ဘလော့ဖတ်ပရိတ်ကသာ အဆုံးအဖြတ်ပေးနိုင်ပါလိမ့်မယ်။ ပရိတ်သတ်လက်မခံရင် အလိုလို စင်ပေါ်က ဆင်းသွားကြမှာပါဗျာ။

Anonymous said...

ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ် -၂ က ပြောတယ် `လူသားမျိုးဆက်တိုင်း သိသင့်တာက လွတ်လပ်ခြင်းဆိုတာ ကိုယ်လုပ်ချင်တာလုပ်ဖို့ မဟုတ်ဘူး၊
လုပ်သင့်လုပ်ထိုက်တာကို လုပ်ပိုင်ခွင့်ရှိဖို့ဆိုတာပဲ။´ အဲဒီတော့ လွတ်လပ်ခွင့်ကို လွတ်လပ်စွာရပိုင်ခွင့်ရှိဖို့ပဲ လိုတယ်လို့ထင်တယ်။

ဘာပဲဖြစ်ဖြစ် ကဗျာလေး ကောင်းတယ်ဗျာ။

တက်လူငယ် said...

ကိုဟန်သစ်ငြိမ်ရေ..
အခုလို အမြင်တွေ ဆွေးနွေးထောက်ပြပေးသွားတာကို ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါတယ်။

Unknown said...

ပျော်ရွှင်စရာ ကမ္ဘာလေး တစ်ခုပေါ့ဗျာ....