လွမ်းရင်ဖတ်ပါ...

ဒီဇင်ဘာမှ အလွမ်းညများ

မြောက်ပြန်လေညှင်း
တိုက်ခတ်ရင်းမှ
ချမ်းစိမ့်လာပြီ
ဆောင်းရာသီဝယ်
မြူတွေလည်းဆိုင်း
မှုံရီမှိုင်းမှိုင်း
နှင်းစက်မြေအောက်
တပေါက်ပေါက်ကျ
မြေပေါ်မှာခ
စိုစွတ်ကြသည်...

နှင်းတွေဝေပြီ
ဒီဆောင်းဆီတွင်
အလွမ်းသယ်ပြီ
ချစ်သူ့ဆီကို
အတိတ်ပန်းချီ
ဟိုဆောင်းဆီသို့
ပျံ့လွင့်ထွက်သွား
အတွေးများက
တစစမြင်
ပုံရိပ်ထင်ထင်
တသသပင်
ဆွေးတမျှင်မျှင်
ရှိနေချေပြီ
ချစ်သူ့ဆီဝယ်...

သြော်..တမ်းတရ
လွမ်းဆွေးကြတဲ့
ဒီဇင်ဘာမှ
အလွမ်းညများ။

(မှတ်ချက်ချမ်းအေးသော ဒီဇင်ဘာလတွင် ချစ်သူဆီသို့ အလွမ်းသယ်နေကြသူများအတွက် ခံစားရေးဖွဲ့ ထားခြင်း ဖြစ်ပါသည်။)

9 ယောက်ရဲ့ ထင်မြင်ချက်:

Anonymous said...

အလွမ်းသမားကြီး လွမ်းလှချေလား..
ဒီဇင်ဘာအလွမ်းညတွေလွန်မြောက်နိုင်ပါစေဗျာ..
လှပသောကဗျာလေးအတွက်
ဒီဇင်ဘာဖွားတွေကိုယ်စား
ဂုဏ်ယူကျေးဇူးတင်ပါတယ်ဗျာ..

Anonymous said...

ကိုယ်ဆရာတူလက်ငယ်ကဒါမျိုးလဲ ရသကိုးဗျ
ကောင်းတယ်ဗျာ ကဗျာလေးဖတ်ရတာ

ယောနသံစင်ရော် said...

လွမ်းရင်ဖတ်ပါပြောလို့ ဖတ်မိတာ ဖတ်ပြီး ပိုလွမ်းသွားတယ်။

အိပ်မက်နိဒါန်း said...

လွမ်းမိတဲ့ ဒီဇင်ဘာ.ကဗျာလေးကိုခံစားသွားပါတယ်..

WWKM said...

ကဗျာလေးဖတ်ပြီး ပိုချမ်းသွားသလိုပဲ. :D
ချမ်းလဲချမ်းတယ် လွမ်းလဲလွမ်းတယ်ပေါ့ တက်လူငယ်ရေ.း)

အစ်မ၀ါ

GreenGirl said...

ဒီဇာင်ဘာကတော့ လွမ်းစရာတွေပါပဲ

မြတ်သွယ် said...

နှင်းတွေဝေပြီ ...
ဒီမှာတော့နှင်းတွေမတွေ့ရပေမယ့်
ကဗျာလေးဖတ်ပြီး ချမ်းစေပါတယ်
ကာရံညီမှာ စာသားလှလေးတွေနဲ့
ကဗျာကောင်းလေး အားပေးသွားပါတယ်

ပန်းခရေ said...

လွမ်းလို့ဖတ်ရင်း လွမ်းလို့
လွမ်းလို့ဖတ်ပီး လွမ်းလို့.....

Anonymous said...

အလွမ်းတွေတူနေပြီ