ဒေါင်းလုပ်ချထားတဲ့ မြန်မာ-၃ zip file ကို အရင်ဖြေလိုက်ပါတယ်။
တတိယမြောက် မှာ မောစ်နဲ့ ကလစ်ထောက်ထားတဲ့ မြန်မာသရီးဖောင့်အား Control Panel ရှိ Font Folder အတွင်းသို့ ထည့်သွင်းရန် ယာယီ Desktop ပေါ် Draf ဆွဲကူးထားလိုက်ပါတယ်။

Start > control panel > Font ကို အဆင့်ဆင့်ဖွင့်လိုက်ပြီး Desktop ပေါ်က မြန်မာ-၃ ဖောင့်ကို မောက်စ်နဲ့ Draf ဆွဲကူးလိုက်ပါ။ ဒီလိုမှမဟုတ်လဲ zip file ပေါ်မှာ မြန်မာ-၃ကို ညာဘက်ကလစ်နှိပ်ပြီး အင်စတောဖောင့် လုပ်ပြီး Ran နိုင်ပါသေးတယ်။ ကျွန်တော်ကတော့ နက်ဆိုင်မှာ အဆင်ပြေသလို လုပ်ရတယ်။

Font Folder ထဲ ကော်ပီကူးပြီး ရောက်သွားတဲ့ပုံလေးပါ။

မြန်မာ-၃ ဖောင့်ကို အဆင်ပြေပြေ ဖတ်ရှုနိုင်ဖို့ အတွက် မီးလျှံမြေခွေးခေါ် Mozilla Firefox Browser တစ်ခု ရှိဖို့ လိုအပ်ပါလိမ့်မယ်။ ဒီ့အတွက် ဒီနေရာကနေ ကြိုက်နှစ်သက်ရာ version တစ်ခုကို ရွေးပြီး ဒေါင်းလုပ်ချလိုက်ပါ။ ကျွန်တော်ကတော့ ဒါလေးပဲ သင့်တော်မယ်ထင်လို့ ယူလိုက်တယ်။ ပြီးတာနဲ့ Next အဆင့်ဆင့်ပေးပြီး နောက်ဆုံး Finish ပေးလိုက်ရင် ပြီးတာပါပဲ။

မြန်မာ-၃ ကီးဘုတ် လက်ကွက်ကို အင်စတော လုပ်ရန် zip file ကို ပြန်ဖွင့်ပါ။

ဒုတိယမြောက်ရှိ Keyman Free ကိုရွေးပြီး မောက်စ်နဲ့ Double Click နှစ်ချက်ဆက်တိုက် နှိပ်လိုက်တယ်။

ပုံမှာ ပြထားတဲ့အတိုင်း အဆင်ဆင့် Run ပါတယ်။


လေးထောင့်ကွက်နေရာမှာ အမှန်ခြစ်ပေးလိုက်ပါတယ်။

နောက်ဆုံး Finish ပေးလိုက်ရင် Auto Alert Message တစ်ခု ကွန်ပြူတာရဲ့ ညာဘက်အောက်ထောင့်ခြေမှာ ပြလာပါလိမ့်မယ်။

မြန်မာ-၃ zip file ကို ပြန်ဝင်ပြီး ပဥမမြောက်က myanmar3.kmx ကို မောက်စ်နှစ်ချက် ကလစ်နှိပ်ပြီး Run လိုက်ပါသေးတယ်။
1 ယောက်ရဲ့ ထင်မြင်ချက်:
သိပ်ကောင်းတယ်ဗျို့..
ယူနီကုဒ် အသုံးတွင်ကျယ်မှု ဖြစ်လာဖို့မှာ အခြေခံကျကျ ဒါမျိုးလေးတွေကအစ လိုနေတာဗျ. .
နောက်ထပ်လည်း အများကြီး ထပ်မျှော်နေမယ်ဗျို့.
Post a Comment