ယနေ့ Blogger ရပ်ဝန်းမှာ လူတစ်ယောက်နဲ့တစ်ယောက်မတူကွဲပြားတဲ့ အတွေးအမြင်ကလေးတွေနဲ့ ကိုယ်ပိုင်Blog လေးတွေတည်ဆောက်ထားကြပါတယ်...။ အမြင်မတူသော်လည်း အသွင်တူတဲ့ ရပ်ဝန်းလေးတစ်ခုပါ။ ဒီရပ်ဝန်းလေးထဲမှာ ကျွန်တော်လည်းပါဝင်လာခဲ့ပြီပဲ...။ ကျွန်တော်ကရော ဘယ်လိုအတွေးအမြင်တွေနဲ့ Blog ရေးမှာလဲ...? ကျွန်တော်ရေးတဲ့စာတွေကရော လာဖတ်တဲ့သူတွေအတွက် တစ်ခုခု ပေးစွမ်းနိုင်မှာလား...? အချစ်အကြောင်းတွေချည့် အက်ကြောင်းထပ်အောင် ရေးချလိုက်မှာလား...? စတဲ့ကိုယ့်ကိုယ်ကို မေးခွန်း ပေါင်း များစွာ ထုတ်မေးဖြစ်ပါတယ်..။ အမှန်အတိုင်းပြောရရင် Blogger အသစ်တစ်ခုဖန်တီးပြီးတဲ့အချိန်ထိ ဒီလိုဒွိဟ စိတ်တွေနဲ့ ချာချာလည်နေခဲ့တုန်းပါ။ Blog ပေါက်စလေးဆိုပေမယ့် လုပ်ချင်တာ တွေက သိပ်များသလို မလုပ်တတ်တာ တွေလည်းရှိနေတုန်းပဲ။ ဒါပေမယ့် ရင်ထဲက ရေးဖွဲ့ချင်နေတဲ့စာသားတွေက ပြည့်ထွက်လု ကျမတတ်ကိုဖြစ်နေခဲ့ပါပြီ။ အချိန်ကြာကြာအောင်းပြီး မထားနိုင်တော့ဘူး ။ ဒါကြောင့် ကျွန်တော်တင်တဲ့ ပို့စ်တွေမှာ အရင်ဆုံးကျွန်တော့်ရင်ဘတ်ထဲကခံစားချက်တွေ လျော့ကျသွားအောင်လုပ်ရပါလိမ့်မယ်။ ဒီလိုမှမလုပ်ခဲ့ရင် နှလုံးအထူးကု ဆရာဝန်မလေးက ဆေးလာကုပေးရင်တောင်မှ ဒီရောဂါမသက်သာ မပျောက်ကင်း နိုင်လောက်တော့ဘူးလို့ထင်ပါတယ်။ ရင်ဘတ်ထဲကခံစားချက်တွေဟာ ကျွန်တော့်ဘဝထဲက သင်ခန်းစာတွေမို့ ကျွန်တော်ရေးတဲ့ blogger မှာထည့်သွင်းဖေါ်ပြပါရစေခင်ဗျာ...။
စာရေးသူ - တက်လူငယ်
1 ယောက်ရဲ့ ထင်မြင်ချက်:
ဒီပို့ စ်လေးမှာ ရေးထားတာလေးတွေက အစ်မ ခံစားရတာနဲ့ တစ်ထပ်တည်းပဲ အားပေးတယ် ဆက်လုပ် ဒီလိုပဲ ကိုယ့်အိမ်လေးကို ပြင်လိုက် ဆောက်လုပ် ဖျက်လိုက် ပျောက်သွားလိုက်နဲ့  အလုပ်ကို ဖြစ်နေတာပဲ ဘလော့ကိုက်နေတာနဲ့ လေ ကျောင်းသားဆိုရင် စာမေးပွဲ ကျမယ် အလုပ်လုပ်တာဆိုရင်တော့ တိန်... :)လုပ်လုပ် အားပေးတယ် ခံစားချက် စာကောင်းလေးတွေ များများဖတ်ချင်တယ်..
Post a Comment