ပန်းပွင့် အတွေးများ

  • ပန်းဆိုတာ အချိန်တန်ရင် ဖူးပြီးပွင့်လာတတ်ကြသလို..အချစ်ဆိုတာလည်း အချိန်တန်ရင် ရင်ထဲက ခံစားပြီး ဖြစ်ပေါ်လာတတ်ကြစမြဲပါ...။
  • ပန်းပွင့်လေးတွေရဲ့ ရနံ့က ရှုရှိုက်သူတွေကို ကြည်လင်လန်းဆန်းစေတယ်...။ ကို့ရဲ့ရင်ထဲက ပွင့်ထွက်လာတဲ့ စကားလုံးတွေက ကြားရသူကို စိတ်ချမ်းမြေ့နိုင်စေပါတယ်...။
  • ပန်းပျိုးသူက ကိုယ်လေ..၊ ဥယျာဉ်မှူးတစ်ယောက်ပေါ့..၊ သူ့ပန်းကလေးတွေရဲ့ဘဝဟာလည်း သူ့ရဲ့ဘဝလို့ ဆိုချင်ဆိုနိုင်ပါတယ်...။
  • ပန်းကလေးတွေတောင် အဖူးရှိမှ အပွင့်ဖြစ်လာကြသေးတာပဲ..၊ ကဗျာတွေ စာတွေဟာလည်း ရင်နှင့်မဆန့်လို့ ပွင့်အန်ထွက်ကျလာခဲ့တာပါ...။
  • နှင်းဆီပန်းလေးတွေက အဆင်းလှတယ်..၊ ရနံ့မွှေးတယ်..၊ ချစ်စရာကောင်းတဲ့ပန်းကလေးတွေပါ..၊ ဒါပေမယ့် သူ့ကို ထိရင်၊ ကိုင်ရင် သတိတော့ထားပေါ့..၊ သူ့မှာပါတဲ့ဆူးလေးတွေက လူကိုနာကျင်ခံစား စေတတ်လို့ပါ...။ ကိုယ်ချစ်တဲ့ သူမဟာလည်းနှင်းဆီပန်းလို အဆိပ်ရှိတဲ့သူ မဖြစ်ပါစေနဲ့...။

စာရေးသူ - တက်လူငယ်

2 ယောက်ရဲ့ ထင်မြင်ချက်:

မသက်ဇင် said...

ကဗျာတွေ စာတွေဟာလည်း ရင်နှင့်မဆန့်လို့ ပွင့်အန်ထွက်ကျလာခဲ့တာပါ...။

တက်လူငယ်ရေ----
အတွေးကောင်းလေးတွေပါလား--
အားပေးပါတယ်ရှင်----
ရသ ကောင်းလေးတွေ မျှော်နေပါတယ်ရှင်---
ခင်မင်လျက်

Anonymous said...
This comment has been removed by a blog administrator.