Myanmar Font Converter

မိမိစက်ထဲမှာရှိနေတဲ့ ဇော်ဂျီဖောင့်(သို့မဟုတ်) အခြားဖောင့် ဝင်းအင်းဝဖောင့် ဖြစ်စေ၊ မြန်မာသရီးဖောင့်ဖြစ်စေ အလွယ်တကူပြောင်းလဲလို့ ရနိုင်တဲ့ ဖောင့်ကွန့်ဗာတာလေးနှစ်ခု ဖြစ်ပါတယ်။ ပြောင်းလို့ရနိုင်တဲ့ ဖောင့်အမျိုးအစားတွေကို သိချင်ရင် ဖောင့်ကွန့်ဗာတာမှာပါတဲ့ ဘယ်ညာနှစ်ဖက်စီက ဖောင့်အညွှန်းတွေကို မောက်စ်နဲ့ကလစ်ထောက်ပြီး ကြည့်ရင် သဘောပေါက်သွားပါလိမ့်မယ်။ ဒီနေရာမှာ တစ်ခုသတိပြုရမှာက ဇော်ဂျီကနေ ဝင်းအင်းဝပြောင်းချင်တယ်ဆိုပါစို့။ ဇော်ဂျီတော့ရှိပါရက်နဲ့ ဝင်းအင်းဝဖောင့် မရှိရင် မိမိပြောင်းလိုက်တဲ့ ၀င်းအင်း၀ဖောင့်က စာတွေမြင်ရလိမ့်မည်မဟုတ်ပါ။ ဒီ့အတွက် ဖောင့်အမျိုးအစားတွေ ရယူထားဖို့ လိုအပ်ပါသည်။

ဖောင့်ကွန့်ဗာတာအတွက် ကနောင် ဆော့ဖ်ဝဲလေးကို ဒီနေရာမှာ ဒေါင်းလုပ်ချပါ။ ပြီးတာနဲ့ zip file ကိုဖွင့်ပြီး အသင့်အသုံးပြုနိုင်ပါပြီ။ ဖိုင်ဆိုဒ်က မကြီးတာကြောင့်မို့ install လုပ်ပေးစရာလဲမလိုပါ။ မိမိစက်ထဲက Desktop ပေါ်တင််ထားပြီး လိုအပ်တဲ့အခါတိုင်း ဖွင့်သုံးသွားရုံပါပဲ။ လုပ်နည်းဟန်လေးတွေကို အောက်မှာ ပုံများနှင့်တကွ ရှင်းလင်း ပြသထားပါတယ်။

ဒေါင်းလုပ်ချပြီးသား ကနောင်ဆော့ဖ်ဝဲလ် zip file ကိုစဖွင့်လိုက်တဲ့ပုံပါ။



ပြီးတာနဲ့ Install လုပ်စရာမလိုပဲ အလွယ်တကူ ဖွင့်ပြီး အသုံးပြုရုံပါပဲ။



ဒါကတော့ အသုံးပြုရမယ့် အမျိုးအစားတွေကို select ချယ်ပြထားတဲ့ပုံပါ။



အလွယ်တကူ အသုံးပြုဖို့အတွက် ကွန်ဗာ့တာ (၃)မျိုးအား Desktop အပေါ်မှာ ဆွဲတင်ထားလိုက်ပါတယ်။



converter.exe ကိုဖွင့်ပြီး တိုက်ရိုက် စာရိုက်ကာ အခုလို အလွယ်တကူ ဖောင့်ပြောင်းလဲ အသုံးပြုသွားနိုင်ပါတယ်။




Kanaung Converter C++.exe ကတော့ ကွန်ဗာ့ဖောင့် တော်တော်စုံတယ်။ သုံးလို့ကောင်းတယ်။ နမူနာပုံစံ ဇော်ဂျီ၀မ်းဖောင့်မှ ယူနီကုဒ်အမျိုးအစား မြန်မာ-၃သို့ ပြောင်းထားပါတယ်။





မိမိလိုအပ်ရာ ဖောင့်တွေကို အလွယ်တကူ ပြောင်းလဲရင်း အဆင်ပြေချောမွှေ့စွာ ဆက်လက် ဘလော့ဂ်ဂင်းနိုင်ကြပါစေ။

2 ယောက်ရဲ့ ထင်မြင်ချက်:

Anonymous said...

ကိုတက်လူ

ဒါလေးကို သေချာ ဖတ်ပြီး ထည့်လိုက်ပါ။

http://mmthinker.iblogger.org/2008/09/02/%E1%80%B1%E1%80%87%E1%80%AC%E1%80%B9%E1%80%82%E1%80%BA%E1%80%AE-%E1%80%9A%E1%80%B0%E1%80%94%E1%80%AE%E1%80%80%E1%80%AF%E1%80%92%E1%80%B9-51-%E1%80%B1%E1%80%BB%E1%80%95%E1%80%AC%E1%80%84%E1%80%B9/

ဇော်ဂျီနဲ့ပါရပြီဆို လာဖတ်ကြပါလိမ့်မယ်။

ကျနော့် ဘလော့ဂ်မှာလည်း တပ်ထားလိုက်ပါပြီ။

သင်ကာ

Anonymous said...

First, Thanks for sharing the tools you use.

I've forgotten the correct spelling for most words so forgive me I don't type Burmese.

http://code.google.com/p/kanaung/ is the group responsible for this nice tool. I just thought it should be mentioned. Now readers can follow the project for new versions if any and or gaze in awe at the people who brought you this software. :D