Tuesday, December 9, 2008

အကြိုက်ဆုံးများမှ ကဗျာတစ်ပုဒ် (TAG)


ခေါင်းစဉ်မေ့ကဗျာ

ကိုယ်မနှစ်ခြိုက်လို့

ပစ်လိုက်သည့်ပန်း

ကြိုက်သူနမ်းလေ

ကိုယ်ဝမ်းမနည်းတတ်ပါဘူး...။


(ကောင်းသန့်)

ဒီကဗျာတိုလေးက စာရေးဆရာကြီး ကောင်းသန့်ရဲ့ မေ့မရသောအတိတ်များ စာအုပ်ထဲမှရခဲ့တာဖြစ်ပြီး ဆရာ ကျောင်းသားဘဝတုန်းက ပထမဆုံး စရေးဖြစ်ခဲ့တဲ့ကဗျာတစ်ပုဒ်လို့ ဆိုပါတယ်။ ကဗျာခေါင်းစဉ်ကတော့ အလွတ်မမှတ်မိတော့ဘူး။ အိမ်ကထွက်လာကတည်းက ခရီးဆောင်အိတ်ထဲ ကွန်ပျူတာစာအုပ်တချို့နဲ့ ဗေဒင်စာအုပ်ကလွဲလို့ တခြားဖတ်စရာ ဘာတစ်အုပ်မှ ထည့်ယူမလာမိခဲ့တာ အကြိုက်ဆုံးကဗျာတွေက အိမ်မှာကျန်ခဲ့တာဆိုတော့ အလွတ်မမှတ်မိဘူးလေ။ ဒါနဲ့ ခေါင်းထဲမှာစွဲနေတဲ့ ကဗျာတစ်ပုဒ်က အာရုံထဲမှာ ပေါ်လာလို့ အကြိုက်ဆုံးကဗျာ တစ်ပုဒ်အဖြစ် ဘလော့မှာ တင်ပေးလိုက်ရပါတယ်။ ကျွန်တော် အနှစ်သက်ဆုံးများထဲက ကဗျာတစ်ပုဒ်လည်း ဖြစ်ပါတယ်။ နောင်တော်ဂျူဝသန်က တဂ်လို့ ပြန်ဖြေလိုက်ရပါတယ်။

ဆရာကောင်းသန့်ရဲ့ ကဗျာလေးကိုဖတ်ပြီး မှတ်မှတ်ရရပါပဲ ဒီကဗျာနဲ့ ခပ်ဆင်ဆင် ကျွန်တော်က ပြန်ပြောင်း၊ ပြောင်းပြန် လုပ်ပြီးမှ ကဗျာထပ်စပ်ထားခဲ့ပါသေးတယ်။ စပ်ထားတာတော့ (၁)နှစ်နီးပါးကြာသွားပါပြီ။ ဘလော့ စလုပ်ဖြစ်တော့ အရင်ဆုံးပိုစ့်မှာလဲ တစ်ခါဖော်ပြခဲ့ဖူးပါတယ်။

'' မလှမ်းဝံ့သူ ''

ကိုယ်နှစ်ခြိုက်လို့ ခူးလိုက်ချင်လည်း

မလှမ်းဝံ့တဲ့ ပန်းတစ်ပွင့်မို့

မမှီတဲ့ပန်း တုံးခုမလှမ်းလိုတော့ပါ...။


(တက်လူငယ်)

ဆက်တဂ်ဖို့လူတော့မရှိပါဘူး။ လောလောဆယ် တဂ်ချင်တာကတော့ လေချဉ်ပဲဗျာ။ နဲနဲများသွားလို့...(ကိုကာကိုလာ သောက်တာကိုပြောတာပါ)

7 comments:

  1. ကောင်းဗျာ

    ဆရာကောင်းသန့် ပစ်လိုက်တဲ့ပန်းကို
    ခင်ဗျားက ကောက်လိုက်ပေါ့ဗျ
    ဒါဆို တုံးခုစရာမလိုတော့ဘူး
    ဟိဟိ။
    :P :D

    ReplyDelete
  2. ဘယ်ပန်းလဲ မကြိုက်လို့ပစ်လိုက်တာ
    ဒီဘက်ကိုလှမ်းပစ်လိုက်လေ။
    တုံးခုလို့မလှမ်းချင်ရင်တံချုနဲ့ချုလေဗျာ အဲဒါမှ
    မချုချင်ရင် ကျနော့်ကိုပြော

    ReplyDelete
  3. ဂေါ်ဖီပန်းတော့ မဟုတ်လောက်ပါဘူးနော်...
    ဟိဟိ.....

    ကောင်းတယ်ဗျာ.... ကဗျာလေး က မိုက်တယ်...

    ReplyDelete
  4. အားပေးသူတွေကတော့ အားပေးသွားပါပီ... ကောင်းပါတယ်။ ဒါပေမယ့် မောင်မင်း စည်းကမ်းချက် နံပါတ် ((၄) မိမိရေးသားသောကဗျာသည် ဟိုက်ကူ (ဂျပန်) အမျိုးအစားမှလွဲ၍
    စာကြောင်း ရေ ငါးကြေင်းထက် မလျှော့နည်းရ။) ကိုတိုက်ရိုက်ချိုးဖောက်ထားပါတယ်။

    ReplyDelete
  5. သူကလဲနောက်တတ်တာပဲ
    အောက်ဆုံးစာကြောင်းလေးကိုပြောတာပါ
    ဆရာကောင်းသန့် ကဗျာကိုရော ဆရာတက်လူငယ်ကဗျာကိုပါ နှစ်သက်တယ်
    ကဗျာလေးက စိတ်ထဲစွဲစေပါတယ်
    ကြိုက်တယ်
    အားပေးသွားပါတယ်

    ReplyDelete
  6. ကဗျာကလေးက တိုပေမယ့် ကောင်းလိုက်တာဗျာ ...
    ကိုတက်လူငယ်ကလည်း ကဗျာကောင်းတွေ ကြိုက်တတ်တဲ့သူပဲကိုး ...
    ကျွန်တော်ကတော့ကဗျာဆိုရင် မြတ်မြတ်နိုးနိုး၊ ခုံခုံမင်မင်ကို ဖတ်ပါတယ်ဗျာ ...
    ကဗျာရဲ့ အနှစ်သာရက ခံစားသူပေါ်မှာလည်း မူတည်သေးသကိုးဗျ ...

    ReplyDelete
  7. မှတ်မိနေတဲ့ ကဗျာလေးဆိုတော့ ခံစားချက်များတိုက်ဆိုင်
    သွားလို့လား။ :-P

    ReplyDelete