Monday, December 15, 2008

ဂုဏ်ပြုရေးဖွဲ့ကဗျာ

ပေးဆပ်သူတို့ နှလုံးသားများ

ပြက္ခဒိန်ဟောင်း ရက်တွေပြောင်းနေ
ကျော်လွန်ဖြတ်သန်း ဘဝလမ်းတွေ
နာရီစက္ကန့် မိနစ်ဝက်မှ
တစ်ရက်မှသည် တစ်ပါတ်ဆီထိ
ရာသီတွေသာ အလီလီပြောင်း
ကုန်လွန်မှုပေါင်း အကြိမ်ထောင်သောင်း
ရှိခဲ့လေပြီ အတိတ်ဆီတွင်...

စိတ်အစဉ်သည် တရွေ့ရွေ့လှိမ့်
အတိတ်ကိုခေါက် နောက်ပြန်လျှောက်ကြည့်
မမြင်သော်လည်း စိတ်ကူးထဲမှာ
ပုံဖော်နိုင်သည် အာရုံဆီထိ

နံရံမှကြား စကားများလည်း
ရိုက်ခတ်လာသည် နားအိမ်ဆီတွင်

အမှောင်တွေလွှမ်း ဘဝလမ်းလည်း
လျှောက်ခဲ့ဖူးသည် အတိတ်ဆီတွင်

အသက်သွေးချွေး အစဉ်မနှေးဘဲ
ပေးဆပ်ခဲ့သည် အတိတ်ဆီတွင်

အမြင်ကိုဖျက် သော့တွေခတ်လျက်
သူတို့နှလုံးသား လှောင်ချိုင့်မှာထား
ဆယ်စုနှစ်ရှည် ကြာမြင့်လေအောင်
စတေးခဲ့ပြီး အတိတ်ခရီးတွင်

သူတို့ထားလျက် ယုံကြည်ချက်နဲ့
မျှော်လင့်ထားဆဲ ဘဝထဲမှာ
ကိုယ့်အတွက်ဆိုတာ ဘယ်အရာလဲ..?

သူတို့ကြည့်တာ အနာဂတ်မြန်မာ
သူတို့ပေးဆပ်တာ အနာဂတ်မြန်မာ
သူတို့ပေးအပ်တာ ပြည်သူများအတွက်ပါ
ကိုယ်ကျိုးမဖက် အများအတွက်
ပေးဆပ်သူများ နှလုံးသားပါ။

6 comments:

  1. တက်လူငယ်ရေ-----
    ကဗျာလေးကိုလာဖတ်ပါတယ်-

    သူတို့ကြည့်တာ အနာဂါတ်မြန်မာ
    သူတို့ပေးဆပ်တာ အနာဂါတ်မြန်မာ
    သူတို့ပေးအပ်တာ ပြည်သူများအတွက်ပါ
    ကိုယ်ကျိုးမဖက် အများအတွက်
    ပေးဆပ်သူများ နှလုံးသားပါ။

    ဒီအပုဒ်လေးကို-နှစ်သက်ပါတယ်-မြတ်နိုးပါတယ်--
    ပြည်သူအတွက် လို့ ပြောသူများဟာ ပြည်သူရဲ့
    ထောက်ပံ့စာကို စားနေရင် ပြည်သူကို ကျေးမစွပ်ပဲ
    သစ္စာရှိဘို့တော့လိုတာအမှန်ပါ---

    ReplyDelete
  2. ဟုတ်တယ်ဗျ
    ကတညုတ ကတဝေဒီ..
    မျက်လုံးနဲ့ ကြည့်ပေးထားသကိုး

    ဒီလိုပဲ အားလုံး ကြည့်တတ်ရင် အိုကေဗျား
    အစစ အရာရာ..

    ReplyDelete
  3. ခံစားဖတ်ရှုသွားပါတယ်ဗျာ။
    ကောင်းတယ်ဗျာ ဆက်ရေးနိုင်ပါစေ။

    ReplyDelete
  4. ရေးထားတဲ့ ကဗျာကောင်းပါတယ်ရှင့်။

    ကိုယ်ကျိုးမဖက် အများအတွက် လူတိုင်းပေးဆပ်နိုင်ကြရင်ကောင်းမယ်နော်။

    မြန်မာနိုင်ငံအတွက် မြန်မာလူမျိုးတိုင်း အကျိုးဆောင်နိုင်ကြပါစေ။

    ReplyDelete
  5. -အမြင်ကိုဖျက် သော့တွေခတ်လျက်
    သူတို့နှလုံးသား လှောင်ချိုင့်မှာထား
    ဆယ်စုနှစ်ရှည် ကြာမြင့်လေအောင်
    စတေးခဲ့ပြီး အတိတ်ခရီးတွင်

    သူတို့ထားလျက် ယုံကြည်ချက်နဲ့
    မျှော်လင့်ထားဆဲ ဘဝထဲမှာ
    ကိုယ့်အတွက်ဆိုတာ ဘယ်အရာလဲ..?

    သူတို့ကြည့်တာ အနာဂတ်မြန်မာ
    သူတို့ပေးဆပ်တာ အနာဂတ်မြန်မာ
    သူတို့ပေးအပ်တာ ပြည်သူများအတွက်ပါ
    ကိုယ်ကျိုးမဖက် အများအတွက်
    ပေးဆပ်သူများ နှလုံးသားပါ-
    ဒီစာသားလေးတွေကို အကြိုက်ဆုံးပါ ....
    တော်တော်လေးကိုထိတဲ့ ကဗျာပါကိုတက်လူငယ်
    ကဗျာကောင်း စာသားကောင်း
    ခံစားမှုကောင်းကောင်းနဲ့ စွဲဆောင်သွားတဲ့ကဗျာလေးပါ
    အားပေးပါတယ်

    ReplyDelete
  6. အစ်မသက်ဇင်၊ ကိုအလှတရား၊ ကိုအိမ်၊ မမယ်ဂုမိ၊ ညီမပုလဲ
    အားလုံးပဲ မင်္ဂလာပါဗျာ။

    ကဗျာလေးလာပြီး အားပေးသွားတာ၊

    မှတ်ချက်တွေရေးသွားတာ

    အထူးကိုကျေးဇူးတင်ပါတယ်။

    ReplyDelete