Monday, March 30, 2009

သံသရာရှည်ခရီးသို့ တစ်ခေါက်.... (ခေတ္တခဏ နှုတ်ဆက်ခြင်း)

ကျွန်တော်တစ်ယောက် ရုတ်တရက် အမှတ်မထင်ပဲ ဘုန်းခနဲ ပြုတ်ကျလာခဲ့သော ဘ၀အခြေအနေ အကြောင်း တရပ်ကြောင့် မည်သူ့ကိုမျှနှုတ်ဆက်နိုင်ခြင်းမရှိဘဲ အဝေးတစ်နေရာဆီသို့ အထီးကျန်ဆန်စွာနဲ့ ခရီးထွက်ခွာ သွားခဲ့ရပါတယ်။ အဲဒီ့နေက မိုးတွေအရမ်းသဲနေခဲ့ပြီး ကျွန်တော့်ဘ၀ဟာလည်း မိုးသဲသဲအောက်က ခြေနင်းပြား ဖက်ရွက်တခုလို စိုရွှဲကြေမွနေခဲ့ပါပြီ။

ယခု ကျွန်တော်ရောက်နေတဲ့ နေရာက မလေးရှားရဲ့ စည်ကားသော မြို့ကလေးတစ်မြို့မှာပါ။ လူသံ၊ သူသံ၊ ကားသံ တညံညံနဲ့ ရင်ထဲမှာလည်း မျှော်လင့်ချက်တွေနဲ့ ဆူညံပွက်နေခဲ့တယ်။ ရှေ့ဆက်ဖြစ်မယ့် ကိုယ့်ဘ၀ကိုတောင် ဘာမှန်း ရေရေရာရာ မသိခဲ့ရဘူး။ ဆိုးရွားလွန်းလှတဲ့ ဘ၀ကြမ္မာ အဖြစ်သနစ်တွေအကြားမှာ အနေကြာလာတော့ ဘ၀ရဲ့ အထုအထောင်းဒဏ်တွေကို ကြံ့ကြံ့ခံလာနိုင်တယ်။

ရုတ်ချည်းပြောင်းလဲသွားတဲ့ ဘ၀ကြမ္မာကို နဲနဲမှ ကြောက်လန့်တုန်လှုပ်ခြင်းမရှိပါ။ ပြုံးပြုံးလေးပဲ ရင်ဆိုင်လိုက်တယ်။ ကိုယ့်လိုလူသားတွေလည်း ဘေးမှာ တသီးကြီး လျှောက်လှမ်းနေကြဆဲဆိုတာကို သိလိုက်ရတော့ ပျော်ရွှင်အောင်နေတတ်လာတယ်။

တကယ်တော့ ကျွန်တော်ဟာ ဘ၀သံသရာ ခရီးရှည်ထဲက ဒုက္ခလူသား တစ်ယောက်ပါလားလို့ တွေးတတ်လာတယ်။ ပိုးဖလံဆိုတဲ့အမျိုးကလည်း ပူမှန်းသိရက်နဲ့ မီးကိုပဲတိုးတတ်သလို ကျွန်တော်ကလည်း ဒုက္ခတွေ တသီကြီး ခံနေတဲ့ ခရောင်းလမ်းကိုမှ ဇွတ်အတင်း လျှောက်ချင်နေမိတာပါပဲ။

ဘ၀ဟာ ရှေ့ဆက်လျှောက်လေလေ ပိုပြီးတော့ အဓိပ္ပာယ်ရှိကာ ပြည့်ဝလာလေလေပဲ။ လူငယ်တိုင်းရဲ့ ရင်ဘတ်ထဲမှာ မျှော်လင့်ချက်တွေ ကိုယ်စီနဲ့မို့ ကျွန်တော့်မှာလည်း မှေးမှိန်စွာရှိနေတဲ့ မျှော်လင့်ချက်လေးတွေက ပိုပြီးတော့ အရောင်တောက်ပလာတယ်။ ရှေ့ဆက်လျှောက်လှမ်းရမယ့် တကိုယ်တည်း ဘ၀လမ်းအတွက် အထီးကျန်ဆန်တာ မှန်ပေမယ့် ကျွန်တော် ၀မ်းနည်းပြီး ထိုင်မနေတတ်ပါ။ ဘ၀ခံယူချက်၊ ယုံကြည်ချက်တွေကို အားပြုပြီး အံကို ကြိတ်ကာ ဆက်လျှောက်နေခဲ့တယ်။ တနေ့နေ့တော့ အဲဒီ့မျှော်လင့်ချက်တွေဆီကို ရောက်သွားဦးမှာဆိုတာ ယုံကြည်နေဆဲပါ။

10 comments:

  1. ညီရေ.. မိုးပြို အများဘဲ ညီရ..
    တောင့်ထားညီရေ..
    အတူတူဘဲ...

    ReplyDelete
  2. ဘ၀ခံယူချက်၊ ယုံကြည်ချက်တွေကို အားပြုပြီး အံကို ကြိတ်ကာ ဆက်လျှောက်နေခဲ့တယ်။

    တက်လူငယ်ရေ---
    တောင့်ထားပါ--အဓိက--ဇွဲ---ဇွဲ---
    အစစအရာရာအဆင်ပြေကြပါစေ--

    ReplyDelete
  3. သင်္ကြန်ရေလို အေးမြပါစေ
    မြန်မာပြည်သူများ သာယာဝပြောပါစေ
    ငြိမ်းချမ်းကြပါစေ
    ဘဝ နဲ့ ဆန္ဒတထပ်တည်းကျကြပါစေ

    ReplyDelete
  4. အော်..ဒါကြောင့် ပျောက်နေတာကို..အဆင်ပြေ ပါစေလို့ ဆုတောင်ပေးနေပါတယ် ညီ။အမြန်ဆုံး အကို တို့နဲ့ ဆက်သွယ်ပါ။အဆင်မပြေရင်ပေါ့....
    ခင်တဲ့

    ReplyDelete
  5. ကိုတက်အဆင်ပြေ ပျော်ရွှင်ချမ်းမြေ့နိုင် ပါစေဗျာ... အဆင်မပြေရင် တယောက်ထဲလဲ ကြိတ်မထားနဲ့အုံးပေါ့ ..

    ReplyDelete
  6. အစစ အရာရာ အဆင်ပြေပါစေလို့ တောင်းဆုပြုပါတယ်
    ဘ၀ဟာ ရှေ့ဆက်လျှောက်လေလေ ပိုပြီးတော့ အဓိပ္ပာယ်ရှိကာ ပြည့်ဝလာလေလေပဲ...
    မျှော်လင့်ခြင်းဆီသို့ ကျန်းမာစွာနဲ့ ရောက်ရှိပါစေး)

    ReplyDelete
  7. ကျနော်ကတော့ အဘမင်းသိင်္ခတပည့်ပီပီ တစ်ခုပဲ ပြောချင်တယ်ဗျာ။ တက်လူငယ်လေးရေ။ စနေမောင်မောင်ကတော့ ဒီလိုပြောခဲ့တယ်။ ဒုက္ခဆိုတာ လူတော်တွေရဲ့ လှေကားထစ်ပဲတဲ့။ လှေကားထစ်တိုင်းမှာ ရင်ကော့ထားနိုင်ပါစေဗျာ။ ကူညီဖြေရှင်းလို့ရနိုင်မယ့် အခက်ခဲတစ်ခုခုရှိလာရင်လည်း ညီရင်းအစ်ကိုပမာ တိုင်ပင်နိုင်ပါတယ်။

    ReplyDelete
  8. မိုးသဲထဲမှာ ပြိုမလဲဖို့နဲ့ တခါလဲပြိုမိရင်လဲ ပြန်ထနိုင်ပြီး အတွေ့အကြုံတွေထွေးပိုက်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်အကို။

    ပြန်လည်မယ့်နေ့ရက်ကိုမျှော်လင့်လျှက်

    ReplyDelete
  9. အင်း.. ဘ၀တူချင်းအသိဆုံးမို့ ဆက်လက်အားအင်တွေသာ ရနိုင်ဖို့ ဆုတောင်းပါတယ်.. တစ်နေ့တွေ့ကြဦးမှာပါ..

    ReplyDelete
  10. ဘဝဆိုတာ ...ဒီလိုပါပဲ...
    “မ” ဘဝမှာ အမြင့်ကနေပြုတ်ကျဘူးတယ်...
    အဲဒီခံစားချက်ကို မပြောပဲ သိနေတယ်...
    တက်လူငယ်က ယောက်ျားလေးပါ....
    “မ”ထက်ခံနိုင်ရည် ရှိမှာပါ....

    ReplyDelete