မြန်မာယူနီကုဒ်ဆိုင်ရာ လက်တွေ့ လေ့လာစမ်းသပ်ချက်များ
အင်တာနက်ဆိုင်ကနေ ကြုံသလို သုံးပြီး ဘလော့ဂ်ရေးနေရတဲ့ ကျွန်တော့်အတွက်တော့ တော်တော့်ကို ခက်ခက်ခဲခဲ ကျော်ဖြတ်ခဲ့ရပါတယ်။ နေရာတိုင်းမှာ အခက်အခဲဆိုတာ ရှိနေတတ်သလို အဲဒီ့အခက်အခဲတွေကို ဖြေရှင်းဖို့ နည်းလမ်းတွေကလည်း ရှိနေတတ်ပြီးသားပါ။ ရအောင် ကြံဖန်ရှာဖွေကြည့်လိုက်တော့ မြန်မာယူနီကုဒ်အတွက် လိုအပ်တဲ့ ဆော့ဖ်ဝဲများ ဒေါင်းလုပ်ချနိုင်တဲ့ နည်းလမ်းတွေ၊ ဒေါင်းလုပ်ချပြီးသားကို နောက်ထပ် အလွယ်တကူအသုံးပြုဖို့ အိပ်ဆောင် Memory Card ထဲမှာ အဆင်သင့် အမြဲရှိနေအောင် သိမ်းထားသင့်တဲ့ အတွေးတွေပါ ရလာခဲ့တယ်။ အဲဒီ့အတွေးအတိုင်း လုပ်ဆောင်ခဲ့ပါတယ်။ ဒါက မြန်မာယူနီကုဒ်အတွက် ကျွန်တော် ကျော်ဖြတ်ခဲ့တဲ့၊ ပြင်ဆင်ခဲ့ရတဲ့ အချိန်ကာလ၊ အခက်အခဲတွေထဲက ရလာတဲ့နည်းလမ်းတွေဖြစ်ပါတယ်။ နောင်တစ်ချိန်မှာ အင်တာနက်ဆိုင်က ကြုံသလို အရေးပေါ် အသုံးပြုနေရသူများအတွက်ပါ ကျွန်တော့်လို မဖြစ်ရအောင် သင်ခန်းစာပြန်ပေးနိုင်ဖို့ နည်းလမ်းတွေ တစ်ခါတည်းရလိုက်တာပေါ့။
ကျွန်တော်အခုလို ရေးပြ ဆွေးနွေးပြနေခြင်းဟာ ကျွန်တော့်ထက် တော်တဲ့ တက်တဲ့ သူတွေကို ရည်ရွယ်ပြီး ထိခိုက်လိုစိတ်နဲ့ ပိုစ့်တင်နေခြင်းမဟုတ်ဘူး ဆိုတာကိုတော့ ကြိုတင် ဝန်ခံပါရစေ။ အင်တာနက်နဲ့ အမြဲ ရင်းနှင်းကျွမ်းဝင်မှု မရှိသေးတဲ့ ကျွန်တော့်အတွက် အမျိုးမျိုး အချိန်ပေးပြီး ခက်ခက်ခဲခဲ လေ့လာခဲ့ပြီးမှ ရလာတဲ့ အသိပညာ၊ နည်းလမ်းလေးတွေကို ဝေမျှလိုတဲ့ ရည်ရွယ်ချက်သာဖြစ်ပါတယ်။ စာဖတ်သူတွေထဲမှာ နားလည်တတ်ကျွမ်းတဲ့ သူတွေ ပါလာခဲ့ရင်လည်း အကြံပြုတဲ့ စာတွေ ရလာနိုင်အောင် ရည်ရွယ်ရေးသားခြင်း ဖြစ်ပါတယ်။
ယူနီကုဒ်အတွက် ပြင်ဆင်ခြင်း ပထမအဆင့်
ဒီနေရာလေးမှာ မြန်မာသရီး ဇင့်ဖိုင်ကို အရင်ဆုံး ဒေါင်းလုပ်ချလိုက်ပါတယ်။ ပြီးတာနဲ့ ဇင့်ဖိုင်ကို ဖြေပါတယ်။ ဇင့်ဖိုင်ကို ဖြေနိုင်တဲ့ ဆော့ဖ်ဝဲကို နောက်ပိုင်းမှ ကိုမှော်ဆရာရဲ့ ဘလော့ဂ်ရောက်တော့ ဒေါင်းလုပ်ဖို့ လင့်လေးရခဲ့ပါတယ်။ ယူနီကုဒ်အတွက် ပိုစုံတဲ့ နေရာလေးတစ်ခုက ဒီဟာလေး ပါ။ အချို့ မြန်မာပြည်က လှမ်းသုံးနေရတော့ ဘလော့ဂ်စပေါ့ ဖွင့်မရဘူးလို့ ပြောတာကြောင့် ပထမလင့် ကတော့ မြန်မာပြည်ကလူတွေ အတွက် အဆင်ပြေမယ်လို့ ထင်ပါတယ်။

ကျွန်တော်သုံးနေတဲ့ အင်တာနက်ဆိုင်မှာ ညာဘက်က ခလုပ် (Right Click)နှိပ်ခွင့် မရှိသလို၊ အခြား အပိုင်းတွေလည်း တော်တော်များများ ကန့်သတ်ထားတယ်။ ဒါပေမယ့် တစ်ခါသုံး အင်စတော လုပ်ခွင့်ပေးထားတယ်။ အင်စတောလုပ်ပြီး စက်ပြန်ပိတ်လိုက်တာနဲ့ ရှိသမျှ အကုန်ဖျက်ပြီးသားပဲ။ စောပိုင်းက ဆော့ဖ်ဝဲနဲနဲပဲရှိသေးလို့ မေးလ်ထဲမှာ Draf ဆွဲပြီး ဆေ့ဖ်လုပ်ထားခဲ့ပေမယ့် နောက်ပိုင်း ဒေါင်းလုပ်ချတဲ့ ဆော့ဖ်ဝဲတွေ များလာတော့ Memory Card တွေနဲ့ ထည့်ပြီး သုံးတတ်လာတယ်။ ဘလော့ဂ်ရေးမယ်ကြံတိုင်း လိုအပ်တဲ့ ဆော့ဖ်ဝဲတွေကို ကွန်ပြူတာထဲ အင်စတော ခဏခဏ လုပ်နေရပါများတော့ အချို့ဟာတွေဆို အလွတ်တောင် ရလာတယ်။ နောင်များမှ ဒီအကြောင်းတွေ ဆက်ရေးပါဦးမည်။
1 ယောက်ရဲ့ ထင်မြင်ချက်:
ဒေါင်းတော့သွားတယ်ဗျ မသုံးသေးဘူး။
အားလုံးငုံးမှ လိုက်သုံးတော့မယ်ဗျာ
Post a Comment